“ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၀ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကိုရရှိခဲ့တဲ့ ဟယ်ရီကိန်း”

23 Oct

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှုး ဟယ်ရီကိန်း ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၀ ပွဲဆက် ဂိုးသွင်းယူနိုင်သူအဖြစ် စံချိန်မှတ်တမ်းကို ရရှိခဲ့ကြောင်း သိရပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နှင့် အာဆင်နယ်အသင်းတို့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပြီးနောက် အခုလိုမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဟယ်ရီကိန်း အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၁ ပွဲကစားပြီး သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)

23 Oct

ADVERTISE HERE .