“အာဆင်နယ်အသင်းက ရာသီကုန်တွင် တိုက်စစ်မှူး ဂျိုကာရက်စ် ကို ရောင်းချဖွယ်ရှိ”
23 Oct
အာဆင်နယ်အသင်းက တိုက်စစ်မှူး ဂျိုကာရက်စ် ကို ယခုရာသီကုန်တွင် ရောင်းချဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဂျိုကာရက်စ် အနေနဲ့ ပွဲထွက်ကစားခွင့် တစ်ပွဲမျှမရရှိ သေးဘဲ ဟာဗက်ဇ် ရဲ့နောက်မှ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရရှိနေတာဖြစ်ပါတယ်။ ဂျိုကာရက်စ် ရဲ့ အနာဂတ်မှာ မရေမရာဖြစ်ခဲ့လို့ ၎င်းအနေနဲ့ အသင်းပြောင်းရွှေ့ရန် စဉ်းစားနေတာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာ က ဂျိုကာရက်စ် ကို လာမည့်ဇန်နဝါရီတွင် အသင်းမှ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘဲ ရာသီကုန်မှသာ ရောင်းချသွားဖွယ်ရှိနေပါတယ်။ ဂျိုကာရက်စ် ကို အက်သလက်တီကိုအသင်း အပါအဝင် ဥရောပထိပ်သီးအသင်းအချို့က ခေါ်ယူရန်ပစ်မှတ်ထားနေပါတယ်။(NVS 008)
23 Oct