“အစ်ဆွစ်ချ်အသင်းနှင့်ပွဲစဉ်မှာ ပါဝင်ကစားနိုင်မယ့် ဂစ်ဘ်ဝှိုက်”
23 Oct
နော်တင်ဟမ်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂစ်ဘ်ဝှိုက် ဟာ သောကြာညကစားမယ့် အစ်ဆွစ်ချ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့အတွက် ကြံ့ခိုင်မှုအပြည့် ဖြစ်နေပြီလို့ သိရပါတယ်။ ဂစ်ဘ်ဝှိုက် ဟာ ကြွက်သားဒဏ်ရာကြောင့် ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ရတာဖြစ်ပြီး ယခုအခါမှာအသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ပါတယ်။ တစ်ပတ်လုံးနီးပါး အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပြီးနောက် ဂစ်ဘ်ဝှိုက် ဟာ အသင်းအတွက် ပြန်ကစားပေးဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီး နောက်ခံလူ မီလင်ကိုဗစ် လည်း ပါဝင်ကစားပေးနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဂိုးလည်းသွင်းနိုင်သလို ဂိုးဖန်တီးမှုလည်း လုပ်ပေးနိုင်တဲ့ ဂစ်ဘ်ဝှိုက် လို ကစားသမားမျိုး ပြန်ကစားနိုင်တာက အသင်းအတွက် အရေးကြီးပါတယ်လို့လည်း နည်းပြ ဂလက်စ်နာက ပြောကြားခဲ့ပါတယ်။ နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ် ရာသီအဖွင့် ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ရမှတ် ၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၉ နေရာကို ရောက်နေတာ ဖြစ်ပါတယ်။ (NVS 008)