“ရွှေဘောလုံးဆုနှင့်ပတ်သက်၍ ဘာမှမသိသေးဟု ဖွင့်ဟခဲ့တဲ့ ဟယ်ရီကိန်း”

23 Oct

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်း က အခုနှစ်ရွှေဘောလုံးဆု ရ၊မရ ဆိုတာနဲ့ ပတ်သက်လို့ အခုချိန်အထိ ဘာမှမသိရသေးဘူးလို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဟယ်ရီကိန်းဟာ ဂုဏ်သိက္ခာကြီးမားတဲ့ ရွှေဘောလုံးဆုကို ၂၀၀၁ ခုနှစ်က ရခဲ့တဲ့ မိုက်ကယ်အိုဝင် နောက်ပိုင်းရယူနိုင်တဲ့ ပထမဆုံးအင်္ဂလန်တိုက်စစ်မှူး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။ အခုနှစ်ရွှေဘောလုံးဆုအတွက် ဆန်ကာတင်ကစားသမား အယောက် ၃၀ စာရင်းကို ကြေညာထားသလို ဒီဆုကိုရယူဖို့ ရေပန်းအစားဆုံး ကစားသမားတွေအဖြစ် ဘာစီလိုနာလူငယ်ကြယ်ပွင့် ယာမယ်၊ ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေ နဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်း တို့က ရေပန်းစားနေတာဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ အာဆင်နယ်အသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ချန်ပီယံ လိဂ် ၁၀ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဟယ်ရီကိန်းထက် ၁၁ ပွဲဆက် ဂိုးသွင်းထားနိုင်သူမှာ ရော်နယ်ဒို တစ်ဦးတည်းသာ ရှိခဲ့ပါတယ်။ အခုနှစ်အတွက် ရွှေဘောလုံးဆုကို လာမယ့် အောက်တိုဘာလ ၂၆ ရက်တွင် လန်ဒန်မြို့မှာ ကြေညာသွားမှာ ဖြစ်ပါတယ်။ (NVS 008)

23 Oct

ADVERTISE HERE .