“ဥရောပပြိုင်ပွဲများမှာ အိမ်ကွင်း၁၂ ပွဲဆက် အနိုင်ရရှိတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အက်စတွန်ဗီလာအသင်း”
23 Oct
အက်စတွန်ဗီလာအသင်းက ဥရောပပြိုင်ပွဲများမှာ ၂၁ ရာစုအတွင်း အိမ်ကွင်း ၁၂ ပွဲဆက် အနိုင်ရရှိတဲ့ တတိယ မြောက် အင်္ဂလန်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အက်စတွန်ဗီလာအသင်းက ချန်ပီယံလိဂ်ပွဲစဉ်မှာ ဗိုက်ကင်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိတဲ့အတွက် အခုလိုမှတ်တမ်းရရှိခဲ့ခြင်းဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်း အိမ်ကွင်းနိုင်ပွဲဆက်မှတ်တမ်းမှာ ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းရာသီမှာ ဆဲလ်တစ်ကို ၄ ဂိုး ၂ ဂိုး၊ ကလပ်ဘရုဂေးကို ၃ဂိုး၊ ဂိုးမရှိ၊ PSG ကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၅-၂၆ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဘိုလော့ဂ်နာကို ၁ဂိုး၊ ဂိုးမရှိ၊ မက္ကာဘီတဲလ်အဗစ်ကို ၂ ဂိုး၊ ဂိုးမရှိ၊ ယန်းဘွိုင်းစ်ကို ၂ ဂိုး ၁ ဂိုး၊ ဆာလ်ဇ်ဘာ့ဂ်ကို ၃ ဂိုး၊ ၂ ဂိုး၊ လိုင်လီကို ၂ဂိုး၊ ဂိုးမရှိ၊ ဘိုလော့ဂ်နာကို ၄ဂိုးပြတ်နှင့် နော်တင်ဟမ်ဖောရက်စ်ကို ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အိမ်ကွင်းမှာ ဖီနာဘာချီနှင့် ဗိုက်ကင်းတို့ကို အနိုင်ရရှိခဲ့တဲ့အတွက် အိမ်ကွင်း ၁၂ ပွဲဆက် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ၂၁ ရာစုအတွင်း ဥရောပအိမ်ကွင်း ၁၂ ပွဲဆက် အနိုင်ရရှိခဲ့တဲ့ အခြား နှစ်သင်းမှာ မန်ယူ(၂၀၀၆ မှ ၂၀၀၈)နှင့် မန်စီးတီး(၂၀၂၂ မှ ၂၀၂၄)တို့ဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းက ယခု ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရရှိထားပြီး အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်လျက် ရှိပါတယ်။ (NVS 008)