“မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည့် ဟိမဝန္တာဖလားပြိုင်ပွဲကျင်းပရန် FIFA ဆောင်ရွက်နေ”

23 Oct

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည့် ဟိမဝန္တာဖလားပြိုင်ပွဲ (Himalaya Cup) ကျင်းပရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌဖြစ်သူ အင်ဖန်တီနို က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဘူတန်နိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်ခဲ့ပြီး ဘူတန်ဝန်ကြီးချုပ် ရှဲရင်တော့ဘ်ဂေး၊ ဘူတန်ဘောလုံးအဖွဲ့ချုပ် (BFF) ဥက္ကဋ္ဌ ဒါရှိုအူဂန်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနို က ဘူတန်ခရီးစဉ်မှာ ဟိမဝန္တာဒေသတွင်း ဘောလုံး အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာရန် FIFA က ဦးဆောင်ပြီး ဟိမဝန္တာဖလားအမည်နဲ့ ဘောလုံးပြိုင်ပွဲတစ်ရပ် ကျင်းပ ပေးရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ပါတယ်။ သို့သော် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနိုက ဟိမဝန္တာဖလားပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ ဟိမဝန္တာဒေသတွင်း၌ နိုင်ငံ ၈ နိုင်ငံအကျုံးဝင်နေလျက်ရှိပြီး ယင်း နိုင်ငံများမှာ ဘူတန်၊ နီပေါ၊ အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

23 Oct

ADVERTISE HERE .