“LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ ပါဝင်မည့် တွဲဆိုင်း ၉ ဆိုင်း ထုတ်ပြန်”

23 Oct

LFC (Leyhwei Fighting Championship) အဖွဲ့အစည်းဖြစ်ပေါ်လာပြီးနောက် ပထမဆုံးပြိုင်ပွဲအဖြစ် LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကျင်းပမှာဖြစ်ပြီး ပါဝင်မည့် တွဲဆိုင်း ၉ ဆိုင်းကို ထုတ်ပြန်ထားပါတယ်။ LFC (Leyhwei Fighting Championship) အဖွဲ့အစည်းက LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ ၁၄ ရက်မှာ ရန်ကုန်မြို့ရှိ Hexagon Complex ၌ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ LFC (Leyhwei Fighting Championship)အဖွဲ့အစည်းက မူလက LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို အောက်တိုဘာလ ၂၄ ရက်မှာ ကျင်းပ ရန်စီစဉ်ထားခဲ့ပေမယ့် ပရိသတ်များအတွက် ပိုမိုကောင်းမွန်တဲ့တွဲဆိုင်းများ ထည့်သွင်းကျင်းပနိုင်ရန် နိုဝင်ဘာလ ၁၄ ရက်သို့ နောက်ဆုတ်ကျင်းပရခြင်းဖြစ်ကြောင်း သိရပါတယ်။ LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ တွဲဆိုင်း ၉ ဆိုင်းပါဝင်မည်ဖြစ်ပြီး အမျိုးသမီးတွဲဆိုင်းနှစ်ဆိုင်း ထည့်သွင်း ထားကြောင်းလည်း သိရပါတယ်။ LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မြန်မာဖိုက်တာများက တစ်ဖက်၊ နိုင်ငံတကာဖိုက်တာများက တစ်ဖက်အနေဖြင့် ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားခြင်း ဖြစ်ပါတယ်။ LFC (Leyhwei Fighting Championship) အဖွဲ့အစည်းက LFC-1 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ စည်းမျဉ်းစည်းကမ်းများအတိုင်း ကျင်းပသွားမှာ ဖြစ်ပြီး အလဲထိုးစနစ်နဲ့ ကျင်းပမည်မဟုတ်ဘဲ အမှတ်ပေးစည်းမျဉ်းဖြင့်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

23 Oct

ADVERTISE HERE .