“ဂျပန်၊ ကိုရီးယားနှင့် မကာအိုမှ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာခွင့်ပြုမှု သက်တမ်းထပ်မံတိုးပေး”
23 Oct
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံ မကာအိုအထူးအုပ်ချုပ် ရေးဒေသမှ ကမ္ဘာလှည့်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) ခွင့်ပြုတဲ့ စမ်းသပ်ကာလကို ဒုတိယ အကြိမ်အဖြစ် နောက်ထပ်တစ်နှစ် သက်တမ်းတိုးမြှင့်ပေးလိုက်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရပါတယ်။ အဆိုပါ ဆိုက်ရောက်ဗီဇာခွင့်ပြုမှု သက်တမ်းတိုးခြင်းက ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှ ၂၀၂၇ ခုနှစ် အောက်တိုဘာလ ၂၀ ရက်အထိ တစ်နှစ်တာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
23 Oct