“အောင်လံမြို့မှာ အပူရှိန်ပြင်းထန်လာ၍ အပူရှောင်စခန်းများဖွင့်လှစ်ရန် ပြင်ဆင်နေ”
23 Oct
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မှာ အယ်လ်နီညိုဖြစ်စဥ်ကြောင့် အပူရှိန်ပြင်းထန်လာချိန်မှာ ဒေသခံများ ဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အပူရှောင်စခန်းများ ဖွင့်လှစ်ရန်ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ အောင်လံမြို့၊ ကန်ကြီးရပ်ကွက်၊ သိမ်ကုန်းဓမ္မာရုံနှင့် စမ်းချောင်ရပ်ကွက်၊ ကုသိနာရုံဘုရားတို့မှာ ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိတဲ့ အပူရှောင်စခန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက အောက်တိုဘာလ ၂၁ ရက်မှာ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ အပူရှောင်စခန်းများအတွက် လိုအပ်မယ့်သောက်ရေသုံးရေစီစဉ်ထားရှိမှု၊ အခြေခံစားသောက်ကုန်များစီစဉ် ထားရှိမှု၊ မီးစက်၊ ပန်ကာ၊ လေအေးပေးစက်များစီစဉ်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စီစဉ်ထားရှိမှုနှင့် သန့်စင်ခန်းများလုံလောက်စွာထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)
23 Oct