“ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဒီပလိုမာသင်တန်းများ မကြာမီဖွင့်လှစ်မည်”
23 Oct
ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနမှ ဖွင့်လှစ်မည့် Diploma in International Relations(DIR)နှင့် Diploma in Political Science (DPS) ဒီပလိုမာသင်တန်းများကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှာ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းများသို့ တက်ရောက်လိုသူများအနေနဲ့ အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ ဖြစ်ရမှာဖြစ်ပြီး သင်တန်းလျှောက်လွှာများကို နိုဝင်ဘာလ ၂ ရက်မှ ၁၈ ရက်အထိ လူကိုယ်တိုင် လာရောက် လျှောက်ထားရမှာဖြစ်ပါတယ်။ သင်တန်းလျှောက်ထားလိုသူများသည် ရန်ကုန်တက္ကသိုလ်ရှိ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊ ဝေသာလီဆောင်၊ ဒဂုံလမ်းသို့ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ သင်တန်းကာလမှာ ကိုးလကြာမြင့် မည်ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်လျှင် ငါးရက်၊ နံနက် ၇ နာရီမှ ၉ နာရီအထိ တက်ရောက် ရမှာဖြစ်ပါတယ်။ အဆိုပါ ဒီပလိုမာသင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုသူများ အနေနဲ့ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊ ဝေသာလီဆောင်၊ ဒဂုံလမ်းတွင် လူကိုယ်တိုင် သွားရောက်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS 008)