“မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ပူးပေါင်း၍ ကဏ္ဍစုံတိုးတက်အောင်ဆောင်ရွက်ရေးဆွေးနွေး”
23 Oct
မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ အစိုးရအဖွဲ့၊ လွှတ်တော်နှစ်ရပ်ပူးပေါင်း၍ ကဏ္ဍစုံတစ်နှစ်ထက်တစ်နှစ် တိုးတက် အောင်ဆောင်ရွက်နေမှုကို ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို နှင့် ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေး တို့ဆွေးနွေးခဲ့ကြပါတယ်။ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒားလူကာရှန်ကိုထံသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က အောက်တိုဘာလ ၂၂ ရက်နံနက် ၁၀ နာရီခွဲမှာ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်အစည်းအဝေးခန်းမမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် အပြန်အလှန်ခရီးစဉ်များမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်း အသစ်များ ဖန်တီးပေးနိုင်ခဲ့မှု၊ နှစ်နိုင်ငံ အစိုးရအဖွဲ့ချင်းသာမက နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ် ပူးပေါင်း၍ ကဏ္ဍစုံကို တစ်နှစ်ထက်တစ်နှစ်တိုးတက်အောင် ဆောင်ရွက်နေမှုကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဘယ်လာရုစ်နိုင်ငံက မြန်မာ နိုင်ငံအတွက် ယုံကြည်နားလည်မှုနှင့် အားပေးကူညီမှုများကို နှစ်နိုင်ငံအတွက်သာမက နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂမျက်နှာစာမှာပါ မြန်မာနိုင်ငံဘက်ကရပ်တည်ပေးခဲ့မှု၊ မြန်မာနိုင်ငံအနေနဲ့ ဥရောပအာရှ စီးပွားရေးသမဂ္ဂ(EAEU)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)နှင့် BRICS တို့မှာ အဖွဲ့ဝင်နိုင်ငံဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရာမှာ ဆက်လက်ကူညီထောက်ခံပေးရေး ဆိုင်ရာများကိုလည်း ဆွေးနွေးကြပါတယ်။ (NVS 008)