“တူကီယဲ၊ ကာတာ၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနိုင်ငံတို့ ဘာဒါး ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီ ချက် လက်မှတ်ရေးထိုး”

23 Oct

တူကီယဲ၊ ကာတာ၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနိုင်ငံတို့သည် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေးစွမ်းဆောင်ရည်များ မြှင့်တင်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို အောက်တိုဘာလ ၂၁ ရက် တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဘာဒါး နားလည်မှုစာချွန်လွှာ အမည်ရှိ အဆိုပါသဘောတူညီချက်ကို ကာတာနိုင်ငံ ဒိုဟာမြို့၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။ ဘာဒါး နားလည်မှုစာချွန်လွှာအရ တူကီယဲ၊ ကာတာ၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနိုင်ငံ တို့သည် စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေး၊ စစ်ရေးစွမ်းဆောင်ရည်မြှင့်တင်ရေး၊ နည်းဗျူဟာမြောက်တပ်မတော်ဆိုင်ရာလေ့ကျင့်မှု၊ သုတေသနလုပ်ငန်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၌ ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင့်တင်ရန် ကြိုးစားမည်ဖြစ်ကြောင်း တူကီယဲ ကာကွယ်ရေးဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယခုနှစ် ဩဂုတ်လကလည်း တူကီယဲနိုင်ငံသည် ပါကစ္စတန်၊ ဆော်ဒီအာရေဗျနိုင်ငံတို့နှင့် မက္ကာသဘောတူညီချက်အမည်ရှိ အပြန်အလှန် ကာကွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

23 Oct

ADVERTISE HERE .