“မန္တလေးမြို့တွင် Sparkle Network Exhibition ကျောက်မျက်ရတနာပြပွဲ ဒုတိယအကြိမ်ကျင်းပမည်”
22 Octကျောက်မျက်ရတနာချစ်သူများ လေ့လာကြည့်ရှုဝယ်ယူနိုင်ရန် Sparkle Network Exhibition ကျောက်မျက် ရတနာပြပွဲကို မန္တလေးမြို့တွင် ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ ၂၃ ရက်နှင့် ၂၄ ရက်တို့၌ ကျင်းပသွားမည်ဖြစ် ကြောင်း သိရပါတယ်။ အဆိုပါပြပွဲတွင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များနှင့် ရတနာဆိုင်အမျိုးမျိုး ပါဝင်ပြသကြမှာဖြစ်ပြီး ရွှေထည်၊ စိန်ထည်နှင့် သဘာဝကျောက်မျက်ရတနာအမျိုးမျိုးကို တစ်နေရာတည်း၌ စုံလင်စွာ လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ပြပွဲသို့ လာရောက်သူများအနေနဲ့ မိမိတို့နှစ်သက်သည့် ရတနာဒီဇိုင်းများကို ရွေးချယ်ကြည့်ရှုနိုင်မည့်အပြင် ကိုယ်တိုင်ဝတ်ဆင်ရန်ဖြစ်စေ၊ မိသားစုဝင်များနှင့် ချစ်ခင်ရသူများအတွက် လက်ဆောင်ပေးရန်ဖြစ်စေ သင့်လျော် သည့် ရတနာများကို ရှာဖွေဝယ်ယူနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ (NVS-004)
22 Oct