“မန္တလေး ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားပွဲတော်တွင် ကရဝိက်ဖောင်တော်လှည့်ပွဲ ကျင်းပမည်”

22 Oct

မန္တလေးမြို့ရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားတို့၏ (၁၃၆)ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယပွဲတော်နှင့်အတူ ယခုနှစ်တွင် ပြန်လည်ကျင်းပမည့် တောင်သူကြီးအသင်း ရေလယ်ဓမ္မာရုံ၏ ကရဝိက်ဖောင် တော်လှည့်ပွဲကို သတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ကရဝိက်ဖောင်ကို ယခုနှစ်တွင် လှေယိမ်းအဖွဲ့၊ အဆိုတော်၊ ဆိုင်း၊ လှေထိုးသားများဖြင့် သီတင်းကျွတ် လပြည့်နေ့ ညနေ ၆ နာရီမှ ၈ နာရီထိ ယခင်က ဂျပ်စက္ကူကရဝိက်အစား ယခုနှစ်တွင် စတီးကရဝိက်ဖောင်ဖြင့် ဖောင်တော်တစ်ခုလုံး မီးအလှဆင်ပြီး လှည့်လည်ပြသသွားမှာဖြစ်ပါတယ်။ လပြည့်ကျော် ၁ ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူချိန်တွင်လည်း လှေလှော်ယိမ်းအဖွဲ့က သီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခြင်းများလည်း ပါဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

22 Oct

ADVERTISE HERE .