“မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ရိုးရာဆင်အကအလှပြိုင်ပွဲ ကျင်းပမည်”

22 Oct

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ရိုးရာဆင်အကအလှပြိုင်ပွဲကို အောက်တိုဘာလ ၂၅ ရက် တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဆင်အကအလှပြိုင်ပွဲကော်မတီထံမှ သိရပါတယ်။ အဆိုပါ ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဧည့်ခံဖျော်ဖြေရေးနှင့် ပြိုင်ပွဲဝင်ကပြရေး အပိုင်းနှစ်ပိုင်း ခွဲခြား ထားရှိပါတယ်။ ပွဲတော်ဧည့်ခံဖျော်ဖြေရေးအတွက် ကလေးဆင် ၅၁ စီးနဲ့ သက်ကြီးဆင် ခြောက်စီးက မြို့တွင်း လှည့်လည်ကပြ ဖျော်ဖြေပေးမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဖျော်ဖြေရေးမှာ ကလေးဆင်၊ လူကြီးရိုးရာဆင်၊ ဘော်ကြယ် ဆင်နဲ့ သဘာဝတီထွင်ဆန်းသစ်ဆင် စုစုပေါင်း ၈၂ စီး အထိ စာရင်းပေးသွင်းထားပါတယ်။ ထပ်တိုးပါဝင်လိုတဲ့ ဆင်အဖွဲ့တွေကိုလဲ ဆက်လက်လက်ခံပေးသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကပြရေးအပိုင်းတွင် ပြိုင်ပွဲဝင်ဆင်များသည် သတ်မှတ်ထားသည့် အမှတ်ပေးဒိုင်သုံးခုတွင် အလှည့်ကျ ကပြယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒိုင်အဖွဲ့များအနေနဲ့ ဆင်အကအလှ၊ သီချင်းသီဆိုမှု အစရှိတဲ့ ကဏ္ဍများကို အချက်ကျကျ စိစစ်အမှတ်ပေးမှာဖြစ်ပါတယ်။ ပြိုင်ပွဲအပြီးတွင် ဆုရရှိသည့် ဆင်အဖွဲ့များကို ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြု မှတ်တမ်းများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

22 Oct

ADVERTISE HERE .