“မုံရွာမြို့ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပမည်”
22 Oct
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဘုရားကြီးရပ်ကွက်တွင် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရပါတယ်။ အဆိုပါ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အား အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၉ ရက်အထိ ၁၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစွာသွားလာနိုင်ရေးအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် လုံခြုံရေးအစီအမံများအား ကြိုတင်ဆောင်ရွက်ထားရှိကြောင်း သိရပါတယ်။ (NVS-004)
22 Oct