“ပေါင်ဒဏ်ရာကြောင့် ယခုနှစ်တင်းနစ်ရာသီသိမ်းခဲ့တဲ့ ဆွီယာတက်ခ်”

22 Oct

ပေါင်ဒဏ်ရာကြောင့် နင်ဘိုအိုးပင်း ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တဲ့ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ဟာ ယခုနှစ် တင်းနစ်ရာသီကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ အခုဆုံးဖြတ်ချက်ကြောင့် ဂရင်းစလမ်ချန်ပီယံဆုကို ၆ ကြိမ်ရရှိထားတဲ့ ဆွီယာတက်ခ် အနေနဲ့ ရာသီကုန် ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ WTA ဖိုင်နယ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ မျှော်လင့်ချက်ကလည်း အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆွီယာတက်ခ် ဟာ အခုနှစ်တင်းနစ်ရာသီမှာ ဂရင်းစလမ်ချန်ပီယံဆု တစ်ခုမှမရဘဲ ရာသီသိမ်းရတော့ မှာဖြစ်ပြီး သူရဲ့ ကစားသမားဘဝ အခက်ခဲဆုံးရာသီတစ်ခု ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။ ဆွီယာတက်ခ် အနေနဲ့ ဂရင်းစလမ်ပြိုင်ပွဲမှာ နောက်ဆုံးချန်ပီယံဆုကို ပြီးခဲ့တဲ့နှစ်က ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း WTA ဖိုင်နယ်ပြိုင်ပွဲကို နှစ်တိုင်းဝင်ပြိုင်ခွင့် ရထားခဲ့သူဖြစ်ပြီး အခုနှစ်မှာ WTA ဖိုင်နယ်ပြိုင်ပွဲဝင်ပြိုင်ခွင့်ရဖို့အတွက် နင်ဘိုအိုးပင်းမှာ အနိမ့်ဆုံးကွာတားဖိုင်နယ်အထိ ရောက်ဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

22 Oct

ADVERTISE HERE .