“နိုင်ငံတကာတက်ဂ်ဘောပြိုင်ပွဲနှစ်ခု ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာတက်ဂ်ဘောအသင်း”
22 Oct
ကမ္ဘာ့တက်ဂ်ဘောအဖွဲ့ချုပ်(FITEQ)က ကျင်းပမည့် နိုင်ငံတကာတက်ဂ်ဘောပြိုင်ပွဲနှစ်ခုကို မြန်မာ တက်ဂ်ဘောအသင်း ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ Teqball Tour Si Racha 2026 ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဆီရာချာမြို့မှာ အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး မြန်မာတက်ဂ်ဘောအသင်း ပါဝင်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာ Men Single၊ Women Single နှင့် Mixed Double အမျိုးအစားများပါဝင်ပြီး မြန်မာအမျိုးသမီးတက်ဂ်ဘော အသင်းက Women Single နှင့် Mixed Double အမျိုးအစားများတွင် ဝင်ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Teqball World Series Ayutthaya 2026 ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့မှာ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို မြန်မာအမျိုးသား၊ အမျိုးသမီး တက်ဂ်ဘောအသင်းများ ဝင်ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။ (NVS 008)