“ဇာဗီအက်စ်ပတ် ကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်နှင့် လီဗာပူးလ်”
22 Oct
ပရီးမီးယားလိဂ်ထိပ်သီး အာဆင်နယ်နှင့် လီဗာပူးလ်အသင်းတို့က ဘာစီလိုနာအသင်းမှ ယူရိုသန်း ၁၀၀ တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားတဲ့ ခံစစ်ကစားသမား ဇာဗီအက်စ်ပတ် ကို ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဇာဗီအက်စ်ပတ် က ခံစစ်အစွန်နှစ်ဖက်စလုံးမှာ ကစားနိုင်သူဖြစ်သလို၊ ကွင်းလယ်ခံစစ်နေရာတွင်လည်း ကစားနိုင်သူဖြစ်ပါတယ်။ အက်စ်ပတ် က ၂၀၂၄ ခုနှစ်မှာ ဘာစီလိုနာ အရန် အသင်းအတွက် စတင်ကစားခွင့်ရခဲ့ပြီးနောက် ယခုရာသီမှာ ဘာစီလိုနာအသင်းကြီးသို့ ခေါ်ယူခံခဲ့ရခြင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ယခုလဆန်းပိုင်းက အက်စ်ပတ် ကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ရာတွင် ယူရိုသန်း ၁၀၀ တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ အက်စ်ပတ် က ဘာစီလိုနာအသင်းမှာ ပြိုင်ပွဲစုံ ၁၄ ပွဲကစား၊ ၂ ဂိုးသွင်းယူကာ ခြေစွမ်းပြနေတဲ့အတွက် အာဆင်နယ်နှင့် လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)