“ရာသီကုန်အထိ အနားယူရမယ့် ခါဗာစကယ်လီယာ”
22 Oct
PSG အသင်းကစားသမား ခါဗာစကယ်လီယာ ဟာ ဘာစီလိုနာအသင်းနှင့်ပွဲစဉ်မှာ ရရှိခဲ့သော ဒဏ်ရာကို လာမည့်ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်း PSG အသင်းက အတည်ပြုကြေညာခဲ့ပါတယ်။ ခါဗာစကယ်လီယာ က ဘာစီလိုနာဆယ်ကျော်သက်ကစားသမား ဇာဗီအက်စ်ပတ် နှင့် ဘောလုံးယှဉ်လုရာမှ ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုများအရ ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ PSG အသင်းက ခါဗာစကယ်လီယာ ရဲ့ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရမည့်အကြောင်းသာ ဖော်ပြခဲ့ပြီး အနားယူရမည့် ကာလကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် မီဒီယာများက အနည်းဆုံး ၉ လဝန်းကျင် အနားယူရမည်ဖြစ်၍ ယခုရာသီအတွင်း ပြန်ကစားနိုင်တော့မည်မဟုတ်ကြောင်း ဖော်ပြခဲ့နေကြပါတယ်။ PSG အသင်းသည် နိုင်ပွဲဆက်နေသည့် ဘာစီလိုနာအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ခါဗာစကယ်လီယာနှင့်အတူ ဒမ်ဘီလီနှင့် မာကွင်ဟို့စ်တို့ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ ဒမ်ဘီလီနှင့် မာကွင်ဟို့စ်တို့က ပေါင်ဒဏ်ရာများရရှိခဲ့တဲ့အတွက် ရက်သတ္တပတ်အနည်းငယ် အနားယူရမှာဖြစ်ပါတယ်။ (NVS 008)