“နည်းပြ ဗိဂ်မန်း ကို နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်တဲ့ အင်္ဂလန်အမျိုးသမီးအသင်း”c

21 Oct

အင်္ဂလန်အမျိုးသမီးအသင်းက နည်းပြဖြစ်သူ ဒတ်ချ်လူမျိုး ဆာရီနာဗိဂ်မန်း ကို နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဗိဂ်မန်း ၏ စာချုပ်မှာ လာမည့်နှစ်နွေရာသီ ကမ္ဘာ့ဖလားအမျိုးသမီးပြိုင်ပွဲအပြီးမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ယခုစာချုပ်သစ်အရ ဗိဂ်မန်း အနေနဲ့ အင်္ဂလန်အသင်းကို ယူရို-၂၀၂၉ ပြိုင်ပွဲအပြီးထိ ဆက်လက် တာဝန်ယူရမည်ဖြစ်ကြောင်း သိရပါတယ်။ ဗိဂ်မန်း က အင်္ဂလန်အသင်းအတွက် ယူရိုပြိုင်ပွဲ နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းက ပြီးခဲ့တဲ့အပတ်က ဂရိအသင်းအား နှစ်ကျော့ပေါင်း ၈ ဂိုး ၁ ဂိုးနှင့် အနိုင်ရရှိပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ play-offs ဒုတိယအဆင့်သို့ တက်လှမ်းခဲ့ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲ play-offs ဒုတိယ အဆင့်မှာ ယူကရိန်းအသင်းနှင့် နှစ်ကျော့ကစားရမည်ဖြစ်ပြီး အနိုင်ရလျှင် ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။ (NVS 008)

21 Oct

ADVERTISE HERE .