“ကစားသမားဘဝက အနားယူခဲ့တဲ့ နောဝစ်ချ်ကစားသမားဟောင်း ပွတ်ကီ”

21 Oct

နောဝစ်ချ်နှင့် ဖင်လန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ပွတ်ကီ ဟာ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ပွတ်ကီ ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက လက်ရွေးစင်ကစားသမားဘဝကနေ အနားယူ ထားခဲ့ပါတယ်။ ပွတ်ကီ ဟာ ဖင်လန်အသင်းအတွက် ၁၃၃ ပွဲကစား ၄၃ ဂိုးသွင်းထားပြီး အသင်းသမိုင်းမှာ ဂိုးအများဆုံးအဖြစ် ရပ်တည်ထားပါတယ်။ ဒါ့အပြင် ဖင်လန်အသင်းသမိုင်းတစ်လျှောက် ဒုတိယပွဲအများဆုံးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ပွတ်ကီ အနေနဲ့ ၂၀၁၈ ကနေ ၂၀၁၃ ခုနှစ်အကြား နောဝစ်ချ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁၀ ပွဲကစားကာ ၈၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွတ်ကီ ဟာ လက်ရှိမှာ မိခင်နိုင်ငံကလပ် HJK ဟယ်လ်ဆင်ကီးအသင်းမှာ ကစားနေပြီး ဘောလုံးရာသီပြီးဆုံးမယ့် နိုဝင်ဘာလ ၈ ရက်မှာ အနားယူမှာဖြစ်ပါတယ်။ (NVS 008)

21 Oct

ADVERTISE HERE .