“ရီးရဲလ်အသင်းမှာ ထိလို့မရတဲ့ ကစားသမားမရှိကြောင်း ပြောကြားခဲ့တဲ့ နည်းပြ မော်ရင်ဟို”
21 Oct
ရီးရဲလ်အသင်းနည်းပြ မော်ရင်ဟို က အသင်းမှာ ထိလို့မရတဲ့ကစားသမားမရှိကြောင်း ဗင်နီစီယပ်စ် နဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်နေမှုအပေါ် တုံ့ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဗင်နီစီယပ်စ် အနေနဲ့ လက်ရှိမှာ လာလီဂါလေးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရပြီး ဥရောပပြိုင်ပွဲမှာသာ ကစားခွင့်ရှိနေတာ ဖြစ်ပါတယ်။ ဗင်နီစီယက်စ် ဟာ ရိုးမား ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရတဲ့ Come Back ပွဲမှာ ခြေစွမ်းမပြနိုင်လို့ ၅၈ မိနစ်မှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိရာသီမှာလည်း ဗင်နီစီယပ်စ် ဟာ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ တစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ နည်းပြ မော်ရင်ဟို ကတော့ ဗင်နီစီယပ်စ်နဲ့ပတ်သက်ပြီး ထောက်ခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဗင်နီစီယပ်စ်ဟာ ရီးရဲလ်အသင်းမှာလည်း ကစားသမားသစ် ဒီယိုမန်ဒီ နဲ့ နေရာအပြိုင်လုနေရတဲ့ အနေအထားပဲဖြစ်ပါတယ်။ (NVS 008)
21 Oct