“အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)မှာ သီတင်းကျွတ်ပွဲတော်ကို ၅ ရက်တိုင်တိုင်ကျင်းပမည်”
21 Oct
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)မှာ သီတင်းကျွတ် ပွဲတော်ကို အောက်တိုဘာလ ၂၃ ရက်မှ ၂၇ ရက်အထိ ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသီတင်းကျွတ်ပွဲတော်ကို Thadingyut’s Night Poem 2026 အဖြစ်ကျင်းပခြင်းဖြစ်ကာ ဥယျာဥ် ဖွင့်ချိန်ကိုလည်း နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အမျိုးသား ကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)အတွင်း၌ မီးလုံးပေါင်းများစွာနဲ့ အလှဆင်ထား၍ သီတင်းကျွတ်ပွဲတော်ကို လာရောက်ဆင်နွှဲကြရန် ဖိတ်ခေါ်ထားပါတယ်။ (NVS 008)
21 Oct