“ရန်ကုန်တိုင်းဒေသကြီးမှ လူဦးရေ ၉,၃၀၀ ကျော်အတွက် အလုပ်အကိုင်များရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခုကို ခွင့်ပြုပေး”
21 Oct
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ လူဦးရေ ၉,၃၀၀ ကျော်အတွက် အလုပ်အကိုင်များရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခုကို အောက်တိုဘာလ ၂၀ ရက်နံနက်ပိုင်းမှာကျင်းပတဲ့ ကော်မတီ၏ ၄/၂၀၂၆ ကြိမ်မြောက် အစည်းအဝေးမှခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ စက်မှုကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု တို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကာ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၄၈ သန်းနှင့် ငွေကျပ် ၃,၁၃၃ ဒသမ ၅၉၇ သန်းဖြစ်ကြောင်း သိရပါတယ်။ ခွင့်ပြုပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ CMP စနစ်နဲ့ အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းများ အဓိကပါဝင်ခဲ့ပါတယ်။ အစည်းအဝေးမှာ မတည်ရင်းနှီးငွေတိုးမြှင့်မည့် လုပ်ငန်း ၈ ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာတဲ့ ကုမ္ပဏီ ၆ဝ ခု၏တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)