“အဝေးသင်တက္ကသိုလ် ဒုတိယအသုတ်စာမေးပွဲများ အောက်တိုဘာလ ၂၂ ရက်တွင် စတင်မည်”

21 Oct

၂၀၂၆ ခုနှစ် အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် စာမေးပွဲများကို လာမည့်အောက်တိုဘာလ ၂၂ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရပါတယ်။ ယခု ဒုတိယအသုတ်မှာ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ အင်္ဂလိပ်စာ၊ ဥပဒေနှင့် ဒဿနိကဗေဒ စသည့် အထူးပြုဘာသာရပ်များ ပါဝင်မှာဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့ စာမေးပွဲအချိန်ဇယားအရ စာမေးပွဲများကို အောက်တိုဘာလ ၂၂ ရက်မှ ၃၀ ရက်အတွင်း စာမေးပွဲရက်ပေါင်း ၆ ရက် သတ်မှတ်ကျင်းပသွားမှာဖြစ်ပြီး သီတင်း ကျွတ်ကာလ ရုံးပိတ်ရက်များကို စာမေးပွဲဖြေဆိုရမည့်ရက်များအဖြစ် ထည့်သွင်းသတ်မှတ်ထားခြင်း မရှိကြောင်း သိရပါတယ်။ ဒုတိယအသုတ် စာမေးပွဲများပြီးဆုံးပါက တတိယအသုတ်မှာ ပါဝင်တဲ့ မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာနှင့် စီးပွားရေးစီမံခန့်ခွဲမှု အထူးပြုဘာသာရပ်များအတွက် အနီးကပ်သင်တန်းတက်ရောက်ရမည့်ရက်များကို နိုဝင်ဘာလ ၂ ရက်မှာစတင်မည်ဖြစ်ပြီး စာမေးပွဲများကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယအသုတ်မှာ ပါဝင်တဲ့အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ သတ်မှတ် ထားတဲ့ စာမေးပွဲရက်များနှင့် အချိန်ဇယားကို ကြိုတင်စစ်ဆေးကာ စာမေးပွဲအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို အချိန်မီ ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း အသိပးထားပါတယ်။ (NVS 008)

21 Oct

ADVERTISE HERE .