“အာမခံပစ္စည်းမဲ့ ချေးငွေအစီအစဉ်နဲ့ MSME လုပ်ငန်းများကို ငွေကြေးပံ့ပိုးရန် စီစဉ်နေ”

21 Oct

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များအနေနဲ့ ချေးငွေ ရယူရာမှာ ကြုံတွေ့နေရတဲ့ အာမခံပစ္စည်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရန် အာမခံပစ္စည်းမဲ့ ချေးငွေ အစီအစဉ်များ စီစဉ်ဆောင်ရွက်ရန် ရှိနေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ MSME လုပ်ငန်းပေါင်း ၄၀,၀၀၀ ကျော်ရှိပြီး မှတ်ပုံမတင်ရသေးတဲ့ လုပ်ငန်းများလည်း အများအပြားရှိကြောင်း သိရပါတယ်။ မှတ်ပုံတင်ထားတဲ့ MSME လုပ်ငန်းများအနက် ထက်ဝက် ကျော်မှာ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းများဖြစ်ပြီး နိုင်ငံ့လုပ်သားထုအတွက် အလုပ်အကိုင်အခွင့်အလမ်း ၇၀ ရာခိုင်နှုန်းကျော် ဖန်တီးပေးထားကြောင်း သိရပါတယ်။ သို့သော် MSME လုပ်ငန်းအများစုမှာ လုပ်ငန်းတိုးချဲ့ရန်နှင့် ထုတ်လုပ်မှုမြှင့်တင်ရန်အတွက် ချေးငွေရယူလိုကြ သော်လည်း ဘဏ်များကတောင်းခံတဲ့ မြေနှင့်အဆောက်အအုံကဲ့သို့သော အာမခံပစ္စည်းများ ပေးအပ်နိုင်ခြင်းမရှိတဲ့ အတွက် ချေးငွေရယူရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရပါတယ်။ အဆိုပါအခက်အခဲများကို ဖြေရှင်း နိုင်ရန် အာမခံလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်တဲ့ အာမခံပစ္စည်းမဲ့ ချေးငွေအစီအစဉ်များအပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံတဲ့ MSME လုပ်ငန်းများအတွက် သီးသန့်အတိုးနှုန်းသက်သာသော ရေတိုနှင့် ရေရှည်ချေးငွေ အစီအစဉ်များလည်း ရှိနေကြောင်း သိရပါတယ်။ (NVS 008)

21 Oct

ADVERTISE HERE .