“တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၏ သီတင်းကျွတ်ဈေးရောင်းပွဲတော် ကျင်းပမည်”
21 Oct
ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ သီတင်းကျွတ် Bazaar ဈေးရောင်းပွဲတော်ကို အောက်တိုဘာလ ၂၄ ရက်မှ ၂၇ ရက်အထိ လေးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲတော်မှာ မိသားစုဝင်များ၊ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာလည်ပတ်အပန်းဖြေနိုင်ရန် ဈေးရောင်း ပွဲတော်များ၊ ပျော်ရွှင်ဖွယ်ဂိမ်းအစီအစဉ်များ၊ ဆုလက်ဆောင်အစီအစဉ်များနှင့် အပျော်တမ်းသရုပ်ဆောင်ပြိုင်ပွဲများ အပြင် ဒေသထွက်အစားအစာများ ရောင်းချတဲ့ ဈေးဆိုင်ခန်းများ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာများကို ခံစားကြည့်ရှုနိုင်မည့် အစီအစဉ်များကိုလည်း ထည့်သွင်း ထားပြီး အောက်တိုဘာလ ၂၅ ရက်နှင့် ၂၆ ရက်တို့မှာ ဆီမီးအက၊ ဗုဒ္ဓပူဇော်ခြင်းဆိုင်ရာအကများနှင့် ရွှေဖြိုးအောင် (မြန်မာမှုအက) ၏ မြန်မာ့ရိုးရာအကအလှများကို နှစ်ရက်တိုင်တိုင် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲတော်က သီတင်းကျွတ်ကာလအတွင်း မိသားစုနှင့် သူငယ်ချင်းများအတူ အပန်းဖြေလည်ပတ်နိုင်ရန် အပြင် မြန်မာ့ရိုးရာအကအလှများနှင့် ဒေသထွက်အစားအစာများကို တစ်နေရာတည်းမှာ ခံစားနိုင်မည့် အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သီတင်းကျွတ်အားလပ်ရက်ကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လာရောက် လည်ပတ်သူများအနေနဲ့ ပွဲတော်အစီအစဉ်များမှာ ပါဝင်ဆင်နွှဲကာ ပျော်ရွှင်ဖွယ်အမှတ်တရများ ဖန်တီးနိုင်မှာ ဖြစ်ကြောင်း ဖိတ်ခေါ်ထားပါတယ်။ (NVS 008)