“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌက လာရောက်ဂါဝရပြုတွေ့ဆုံ”

21 Oct

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌက အောက်တိုဘာလ ၂၀ ရက်နံနက်ပိုင်းမှာ နိုင်ငံတော်သမ္မတရုံးတော်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌက တတ်နိုင်တဲ့ဘက်မှ ကူညီကြိုးပမ်းဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံစဥ်မှာ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာနဲ့ ဆက်လက်လျှောက်လှမ်းလျက်ရှိမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိမှုကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေနဲ့ တတ်နိုင်တဲ့ဘက်မှ ကူညီကြိုးပမ်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၌ လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)

21 Oct

ADVERTISE HERE .