“ပြင်သစ်တွင် သမိုင်းဝင်မြို့တော်ခန်းမ မီးရှို့ခံရ”

21 Oct

ပြင်သစ်နိုင်ငံအလယ်ပိုင်း လီမို့မြို့ရှိ သမိုင်းဝင်မြို့တော်ခန်းမ မီးရှို့ခံရကြောင်းနှင့် မီးရှို့သည်ဟုယူဆရသည့် အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့များက အောက်တိုဘာလ ၂၀ ရက်တွင် ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ထိုအမျိုးသားသည် လက်ဝဲစွန်းရောက် လှုပ်ရှားမှုများနှင့် ဆက်နွယ်သူဖြစ်ပြီး ယခင်ကလည်း လုံခြုံရေးအရ စောင့်ကြည့်ခံထားရသူဖြစ်ကြောင်း အမှုနှင့်နီးစပ်သူများက ပြောသည်။ ပြင်သစ်အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ တရားရေးရဲတပ်ဖွဲ့ဌာနခွဲကလည်း ထိုအမှုကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ၁၈၈၃ ခုနှစ်က တည်ဆောက်ခဲ့သည့် မြို့တော်ခန်းမသည် အောက်တိုဘာလ ၁၇ ရက်တွင် မီးရှို့ခံရမှုကြောင့် အမိုးနှင့် ခေါင်းလောင်းမျှော်စင် ပြိုကျသွားရသည်။ ယင်းဖြစ်စဉ်သည် လူနေမှုစရိတ်မြင့်တက်လာမှုနှင့် ကျောင်းများ၏ အခြေအနေအပါအဝင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ် မကျေနပ်ချက်များကြောင့် နိုင်ငံတစ်ဝန်းဆန္ဒပြမှုများ ဖြစ်ပွားနေစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပြင်သစ်တရားရေးဝန်ကြီး ဂျဲရယ်ဒါ မားနန်း က အဆိုပါဖြစ်စဉ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်နိုင်ကြောင်းပြောသည်။ လီမို့မြို့တော်ဝန် ဂီယိုဂူရင် က ရဲတပ်ဖွဲ့၏တုံ့ပြန်မှုကို ဝေဖန်ခဲ့ပြီး ပျက်စီးသွားသည့် မြို့တော်ခန်းမပြန်လည်တည်ဆောက်ရေးအတွက် အစိုးရထံမှ ရန်ပုံငွေများစွာတောင်းဆိုခဲ့သည်။

21 Oct

ADVERTISE HERE .