“၄၇ ခုမြောက် ချန်ပီယံဆုရှင် ဖြစ်လာတဲ့ ကြက်တောင်မယ် အန်ဆယ်ယောင်း”
20 Oct
တောင်ကိုရီးယားနိုင်ငံသူ အိုလံပစ် ကြက်တောင်ရိုက်ချန်ပီယံ အန်ဆယ်ယောင်း ဟာ ဒိန်းမတ်အိုးပင်း ပြိုင်ပွဲ မှာ ကစားသမားဘဝ ၄၇ ခုမြောက် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ကြက်တောင်ရိုက် အားကစားပြိုင်ပွဲသမိုင်းမှာ ချန်ပီယံဆု အများဆုံးရယူနိုင်တဲ့ တစ်ဦးချင်း ကြက်တောင်မယ် ဖြစ်လာခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ အန်ဆယ်ယောင်းဟာ ဂျပန်နိုင်ငံသူ ယာမာဂူချီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးနောက် ၂၁ -၂၃၊ ၂၁ -၁၄ ၊ ၂၁ -၁၈ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုပြိုင်ပွဲမှာအနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အန်ဆယ်ယောင်း ဟာ ၁၉၉၇ ခုနှစ်မှာ ကစားသမားဘဝက အနားယူသွားခဲ့တဲ့ အင်ဒိုနီးရှား ကြက်တောင်အားကစားမယ် ဆူဆန်တီ ရဲ့ ချန်ပီယံဆု ၄၆ ကြိမ်ကို ချိုးဖျက်ပြီး ချန်ပီယံဆုအများဆုံး ကြက်တောင်မယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)
20 Oct