“ဂါစီယာနှင့် ခွန်ဒဲတို့ ပီအက်စ်ဂျီအသင်းနှင့်ပွဲမှာ လွဲချော်မည်”

20 Oct

ဘာစီလိုနာအသင်းရဲ့ နောက်ခံလူတွေဖြစ်ကြတဲ့ အဲရစ်ဂါစီယာနဲ့ ခွန်ဒဲ တို့ဟာ ကစားမယ့် ပီအက်စ်ဂျီအသင်း နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဘက်တစ်အသင်းနဲ့ပွဲမှာ ပေါင်ဒဏ်ရာရခဲ့တဲ့ ဂါစီယာ ဟာ ၄ ပတ်လောက်အထိ နားရမှာဖြစ်လို့ ရီးရဲလ်အသင်းနဲ့ ကစားမယ့် အခုရာသီ ပထမဆုံးလာလီဂါ အယ်ကလပ်စီကို ပွဲစဉ်ကိုလည်း လွဲချော်တော့မှာ ဖြစ်ပါတယ်။ ခွန်ဒဲ ကလည်း ဘက်တစ်အသင်းနဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းနဲ့ပွဲအမီ ပြန်ကစား နိုင်ဖို့ မျှော်လင့်ရပါတယ်။ အခုလို ဂါစီယာနဲ့ ခွန်ဒဲ တို့ကို အနားပေးထားရမှာ ဖြစ်တာကြောင့် ဘာစီလိုနာအသင်း ဟာ ပီအက်စ်ဂျီအသင်းနဲ့ပွဲအတွက် ခံစစ်မှာအသုံးပြုစရာ ညာသန်ခံစစ်ကစားသမား အခက်အခဲနဲ့ ရင်ဆိုင်ရဖွယ်ရှိနေ ပါတယ်။ ဘက်တစ်အသင်းနဲ့ပွဲစဉ်မှာ အသင်းလူစာရင်းထဲ ပြန်ပါလာခဲ့တဲ့ တိုက်စစ်မှူး ရာဖင်ဟာ ကတော့ ပီအက်စ်ဂျီ အသင်းနဲ့ပွဲစဉ်မှာ ကစားပေးနိုင်မှာဖြစ်သလို ရီးရဲလ်အသင်းနဲ့ ပွဲမှာလည်း ပါဝင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

20 Oct

ADVERTISE HERE .