“ရက် ၃၀ ပိတ်ပင်မှုနှင့် ဒဏ်ငွေ ၂၁၅ ပေါင် ပေးဆောင်ရမယ့် စီရော်နယ်လ်ဒို”

20 Oct

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်(FPF)က လေ့ကျင့်ရေးစခန်းမှ ထွက်ခွာသွားတဲ့ စီရော်နယ်လ်ဒို အား ရက် ၃၀ ပွဲကစားခွင့်ပိတ်ပင်မှုနှင့် ဒဏ်ငွေ ၂၁၅ ပေါင် ပေးဆောင်ရမည့်ပြစ်ဒဏ်ကို ချမှတ်ခဲ့ပါတယ်။ စီရော်နယ်လ်ဒို က ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အတွင်း နော်ဝေနှင့်ပွဲမှာ လူစားဝင်ကစားခွင့်မရမှု၊ ဒိန်းမတ်အသင်းနှင့်ပွဲမှာ ပွဲထွက်ကစားခွင့်မရသည်ကို သိရပြီးနောက် အသင်းလေ့ကျင့်ရေးစခန်းမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပါတယ်။ စီရော်နယ်လ်ဒို၏ပြစ်ဒဏ်က ဒိန်းမတ်နှင့်ကစားတဲ့ အောက်တိုဘာလ ၁ ရက်ပွဲကတည်းက စတင် သက်ရောက်မည်ဖြစ်တာကြောင့် ပြစ်ဒဏ်ကို ၁၉ ရက်ကြာ ကျခံပြီးလည်းဖြစ်ပါတယ်။ ပေါ်တူဂီအသင်းက UEFA Nations League ပွဲစဉ်များအဖြစ် နိုဝင်ဘာလ ၁၄ ရက်မှာ ဒိန်းမတ်အသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာလ ၁၇ ရက်တွင် ဝေးလ်စ်အသင်းနှင့်အဝေးကွင်းပွဲစဉ်များ ကစားရမှာ ဖြစ်ပါတယ်။ ဘောလုံး အတွက် ကူညီဆောင်ရွက်မှု၊ အားကစားဆိုင်ရာစွမ်းဆောင်ရည်အတွက် အသိအမှတ်ပြုခံရခြင်းများ အပြင် စီရော်နယ်လ်ဒို ကိုယ်တိုင်ကလည်း ဆုများ၊ အောင်မြင်မှုများအပါအဝင် ကိုယ်ရေးအကျဉ်း(CV)ကို ခုခံကာကွယ်မှု အစိတ်အပိုင်းအဖြစ် တင်ပြခဲ့ကြောင်း FPF က ဖော်ပြခဲ့ပါတယ်။ (NVS 008)

20 Oct

ADVERTISE HERE .