“ရာမို့စ် ကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း အတည်ပြုခဲ့တဲ့ ဂီတာဖေးအသင်းဥက္ကဋ္ဌ”
20 Oct
ဂီတာဖေးအသင်းဥက္ကဋ္ဌ အိန်ဂျယ်တောရက်စ် က ရီးရဲလ်ကစားသမားဟောင်း ရာမို့စ် ကို ခေါ်ယူရန် ကြိုးပမ်း နေကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အသက် ၄၀ ရှိပြီဖြစ်တဲ့ စပိန်လက်ရွေးစင်နောက်ခံကစားသမားဟောင်း ရာမို့စ် က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မွန်တာရေးအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။ ရာမို့စ် က ကစားသမားဘဝမှ အနားယူ လိုခြင်းမရှိသေးတဲ့အတွက် ဂီတာဖေးအသင်းက ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ ဂီတာဖေးအသင်းက ရီးရဲလ်အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သည့် စပိန်နောက်ခံလူ ကာဗာဂျယ်လ် ကို ပြီးခဲ့တဲ့ရက်ပိုင်းက ခေါ်ယူကာ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ ရာမို့စ် ကို ခေါ်ယူနိုင်ခဲ့ပါက ရီးရဲလ် ကစားသမားဟောင်းနှစ်ဦး၏ တစ်ကျော့ပြန်တွဲဖက်ကစားမှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ (NVS 008)
20 Oct