“သမိုင်းတစ်လျှောက်အကောင်းဆုံး Ballond'Or ဆုအတွက် ပရိသတ်များရဲ့မဲပေးမှုမှာ စီရော်နယ်လ်ဒို မဲအများဆုံးရရှိနေ”

20 Oct

နာမည်ကျော် Ballon d'Orဆုကို နှစ်စဥ်ချီးမြှင့်နေတဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်း France Footballက ယခုနှစ်မှာ သမိုင်းတစ်လျှောက်အကောင်းဆုံး Ballon d'Or ဆုကို ပရိသတ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ယင်းဆုကို Ballon d'Or of All Time (B.O.A.T) ဟုအမည်ပေးထားပြီး Ballon d'Or ဆုကို နှစ်ကြိမ်နှင့်အထက် ရရှိဖူးတဲ့ ကစားသမား ၁၀ ဦးဖြစ်တဲ့ စီရော်နယ်လ်ဒို၊ မက်ဆီ၊ ပလာတီနီ၊ ယိုဟန်ခရိုက်ဖ်၊ ဗန်ဘက်စတန်၊ ဘက်ကင် ဘောင်ဝါ၊ ရော်နယ်လ်ဒို၊ ဒီစတီဖာနို၊ ကီဗင်ကီးဂန်းနှင့် ရူမင်နစ်ဂီတို့ ဖြစ်ပါတယ်။ ပရိသတ်များအနေနဲ့ ယင်း ကစားသမားများ Ballon d'Or ဆုရရှိခဲ့တဲ့ ခုနှစ်တစ်ခုချင်းစီကို မိမိတို့နှစ်သက်ရာမဲပေးရမှာဖြစ်ပြီး လက်ရှိအချိန်မှာ ၂၀၀၈ ခုနှစ်က စီရော်နယ်လ်ဒို Ballon d'Or ရရှိခဲ့ခြင်းမှာ သမိုင်းတစ်လျှောက် အကောင်းဆုံးအဖြစ် ပရိသတ် ၆၂ ရာခိုင်နှုန်း မဲပေးထားကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်မှာ မက်ဆီ ရရှိခဲ့ခြင်းက ဆန္ဒမဲ ၁၃ ရာခိုင်နှုန်းဖြင့် ဒုတိယ မဲအများဆုံးဖြစ်နေပြီး မဲပေးမှုကို အောက်တိုဘာလ ၂၇ ရက် သန်းခေါင်ယံမှာ ပိတ်သိမ်း၍ ဆုရရှိသူကို အောက်တို ဘာလ ၂၈ တွင် ကြေညာမှာဖြစ်ပါတယ်။ (NVS 008)

20 Oct

ADVERTISE HERE .