“အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၏ ရိုမက်နည်းပညာသုံးသံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားနိုင်ငံ၏ ထောက်ပံ့ ကူညီမှုနဲ့ဆောင်ရွက်မည်”

20 Oct

အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၏ ရိုမက်နည်းပညာသုံး သံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားနိုင်ငံ၏ ထောက်ပံ့ ကူညီမှုနဲ့ ဆောင်ရွက်မည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ရိုမက်နည်းပညာသုံးသံရည်ကျို မီးဖို လည်ပတ်နိုင်ရေးအတွက် အောက်တိုဘာလ ၁၈ ရက်နံနက်ပိုင်းကကျင်းပတဲ့ ညှိနှိုင်းအစည်းအဝေးမှာ ပြောကြား ခဲ့ပါတယ်။ TPE ကုမ္ပဏီနှင့်ချုပ်ဆိုမည့် စာချုပ်ဆိုင်ရာအချက်အလက်များကို စနစ်တကျစိစစ်ရန်၊ စာချုပ်တွင် ပါရှိသော စီမံကိန်း၏ ပြီးစီးထားတဲ့ အလုပ်ရုံများကို အသိအမှတ်ပြုလက်ခံနိုင်ရေး၊ ဆောင်ရွက်ရမည့် နယ်ပယ်အလိုက် အချိန်ကာလနှင့် တန်ဖိုးသတ်မှတ်ရေး၊ လုပ်ငန်းစဉ်များပြီးဆုံးပါက ရရှိမည့်ရလဒ်နှင့် တာဝန်ယူရမှုတို့ကို ပြည့်စုံအောင် ဖော်ပြပါရှိရေး တာဝန်ရှိသူများက ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ ဒါ့အပြင် စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ပကျွမ်းကျင်ပညာရှင်၏ စစ်ဆေး ခဲ့တဲ့ အစီရင်ခံစာနှင့် စာချုပ်မူကြမ်းတို့ကို တိုက်ဆိုင်စစ်ဆေးရန်၊ သံစိမ်းထုတ်လုပ်မှု၊ အရည်အသွေး၊ ဆက်တိုက် လည်ပတ်နိုင်မှုနှင့် ကုန်ကြမ်းသုံးစွဲမှုနှုန်းထားများကို တိကျစွာသတ်မှတ်ရန်၊ တာဝန်ယူမှုတို့ကိုပါ ညှိနှိုင်းရန်လည်း မှာကြားခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးက စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံမှာ စက်ရုံရှိဝန်ထမ်းများ၊ ပြည်တွင်း/ပြည်ပမှ ကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ စက်ပစ္စည်းများစစ်ဆေးခြင်း၊ စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ (NVS 008)

20 Oct

ADVERTISE HERE .