“အမရပူရတွင် ရက်ကန်းထုတ်ကုန်ပြပွဲနှင့် အထူးစျေးရောင်းပွဲတော်ကို ၂ ရက်ကြာကျင်းပမည်”

20 Oct

အထည်အလိပ်ရက်ကန်းလုပ်ငန်းရှင်များအသင်း(မန္တလေး)ကကြီးမှူး၍ “ရက်ကန်းထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်”ကို လာမယ့်အောက်တိုဘာလ ၂၁ ရက်မှ ၂၂ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ဆောင်းဒါးသိပ္ပံသင်တန်းကျောင်းဝန်းအတွင်း ၂ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါပွဲတော်မှာ အမရပူရထွက် နာမည်ကြီးပိုးထည်ချည်ထည်ဆိုင်များမှ စက်တန်းထွက်ချိတ်များ၊ လက်ရက်ထည်များနှင့် သဘာဝချည်သားစစ်စစ်များကို အထူးစျေးနှုန်းများ၊ ပရိုမိုးရှင်းအစီအစဉ်များနဲ့ ရောင်းချပေး သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ပွဲတော်သို့လာရောက်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်များလည်း ထည့်သွင်းထားကာ ချည်ထည်သီးသန့်ပွဲဖြစ်တဲ့အတွက် ဒီဇိုင်းသစ်လက်ရာဆန်းများကို မြန်မာ့ရိုးရာချည်ထည်နှင့် ရက်ကန်းထည်များ ချစ်မြတ်နိုးသူတွေအနေနဲ့ ဝင်ရောက်လေ့လာ ဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။ (NVS 008)

20 Oct

ADVERTISE HERE .