“အာဆီယံအင်ဂျင်နီယာအသင်းများအဖွဲ့ချုပ်ညီလာခံသို့ Fed.MES ဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်”
20 Oct
(၄၄)ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအသင်းများအဖွဲ့ချုပ် ညီလာခံ( The 44th Conference of ASEAN Federation of Engineering Organizations)ကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်(Fed.MES)ဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်အယောက် ၇၀ ကျော် တက်ရောက်မယ်လို့ Fed.MES ကနေသိရပါတယ်။ အခုနှစ် အောက်တိုဘာလ ၂၀ ရက်ကနေ ၂၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ Bandung မြို့မှာ (၄၄)ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအသင်းများအဖွဲ့ချုပ်ညီလာခံကို ကျင်းပမှာ ဖြစ်ပါတယ်။ အဆိုပါညီလာခံကို မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေး ဦးဆောင်ပြီး ဗဟိုကော်မတီဝင်များ၊ အသင်းဝင်များ၊ မျိုးဆက်သစ်အင်ဂျင်နီယာအသင်းဝင်များ၊ စာတမ်းရှင်များ၊ AE, AAE, AT Certificate ရရှိသူများနှင့် AFEO ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိသူများအပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင် စုစုပေါင်း ၇၁ ယောက်တက်ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှား နိုင်ငံကို အောက်တိုဘာလ ၁၈ ရက်၊ မနက်ပိုင်းက လေကြောင်းခရီးစဉ်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။ (NVS 008)