“သောက်သုံးရေရှားပါးမှုမဖြစ်စေရေးအတွက် ရေနံချောင်းမြို့နယ်မှာ ကြိုတင်ဆောင်ရွက်နေ”

20 Oct

အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရေနံချောင်းမြို့နယ်အတွင်း သောက်သုံးရေရှားပါးမှု မဖြစ်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ ရေနံချောင်းမြို့နယ်၊ သုံးဆယ်ခြောက်ကျေးရွာအုပ်စု၊ သုံးဆယ့်ခြောက်ကျေးရွာရှိ ပင်းချောင်းရေစက်ရုံ စိမ့်တွင်း ၅ တွင်းအားသဲဆယ်ခြင်း၊ စိမ့်တွင်းများအနီး ရေလမ်းကြောင်းနီးကပ်စွာ စီးဆင်းနိုင်ရေးအတွက် မြို့နယ် စည်ပင်မှ ရေလမ်းကြောင်ကောင်းမွန်စေရန် စက်ယန္တရားကြီးများနဲ့ ရေလမ်းကြောင်း တူးဖော်ရှင်းလင်းခြင်းတို့ကို ပြုလုပ်လျက် ရှိကြောင်း သိရပါတယ်။ အခုလိုပင်းချောင်းရေ ရေလမ်းကြောင်းကောင်းမွန်ရေး ဆောင်ရွက်ခြင်းနဲ့ အယ်နီညိုကာလအတွင်း ရေနံချောင်း မြို့သူ/သားများအနေနဲ့ သောက်သုံးရေလုံ လောက်စွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

20 Oct

ADVERTISE HERE .