“ဒုတိယသမ္မတဦးညိုစော မွန်ပြည်နယ်ရှိ တန် ၉၀ ကျဆန်စက်ကို ကြည့်ရှုစစ်ဆေး”

20 Oct

မွန်ပြည်နယ်ရှိ "ရွှေမြိုင်" စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တစ်ရက် တန် ၉၀ ကျဆန်စက်နှင့် စပါးအခြေခံစက်ရုံတို့ကို ဒုတိယသမ္မတဦးညိုစောနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းတို့က အောက်တိုဘာလ ၁၈ ရက်မှာ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးရာ ဆန်စက်နှင့် စပါးအခြေခံစက်ရုံ၏ လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှု၊ စပါးကြိတ်ခွဲထုတ်လုပ်မှုနှင့် စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို စက်ရုံတာဝန်ရှိသူ များက ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ အဆိုပါ ဆန်စက်နှင့် စက်ရုံတို့ကို မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက် နေခြင်းဖြစ်ပါတယ်။ (NVS 008)

20 Oct

ADVERTISE HERE .