“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ”
20 Oct
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ စွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan က အောက်တိုဘာလ ၁၉ ရက်နံနက်ပိုင်းမှာ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရပြုတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်းနှစ်နိုင်ငံတို့က အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်၍ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အတွင်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး ဆွေးနွေးဆောင်ရွက်နိုင်ခဲ့မှု တို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ ရာသီဥတုဖောက်ပြန်မှုများ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများ ထိုင်းနိုင်ငံ၊ စွမ်းအင်ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ (NVS 008)