“ဂျပန်-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်ခဲ့ပြီး တာဝေးပစ်ဒုံးကျည်များကို ဖြန့်ကြက်”

20 Oct

ဂျပန်နှင့်အမေရိကန်တို့သည် အောက်တိုဘာလ ၁၉ ရက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်ပြီး ယင်းလေ့ကျင့်မှုအတွင်း တာဝေးပစ်ဒုံးကျည် အမျိုးအစားတစ်ခုကို အခြေစိုက်စခန်းပြင်ပ၌ ပထမဆုံးအကြိမ် ဖြန့်ကြက်မည်ဖြစ်ကြောင်း သိရသည်။ Keen Sword ဟု အမည်ပေးထားသည့် ထိုစစ်ရေးလေ့ကျင့်မှုကို ဂျပန်နိုင်ငံရှိ နေရာ အများအပြား၌ အောက်တိုဘာလ ၂၉ ရက်အထိ ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါပူးတွဲလေ့ကျင့်မှုတွင် ဂျပန် တပ်ဖွဲ့ဝင် ၄၅,၀၀၀ ခန့်နှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၂,၀၀၀ ခန့် ပါဝင်ပြီး နှစ်နိုင်ငံကြား အကြီးမားဆုံးပူးတွဲ စစ်ရေး လေ့ကျင့်မှုများအနက် တစ်ခုဖြစ်မည်ဖြစ် သည်။ ဂျပန်၏ ပူးတွဲစစ်ဦးစီးဌာနက တာဝေးပစ် Type 25 မြေပြင်မှ သင်္ဘောပစ်ပဲ့ထိန်းဒုံးကျည်များကို ကျူရှူး ဒေသရှိ လေ့ကျင့်ရေးကွင်းတစ်ခု၌ ဖြန့်ကြက်မည်ဖြစ်ကြောင်း ယခင်က ထုတ်ပြန်ထားသည်။ ထိုဒုံးကျည်များသည် ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ကူမာမိုတိုစီရင်စုသို့ ရောက်ရှိလာပြီးနောက် အခြေစိုက်စခန်းပြင်ပ၌ ပထမဆုံးအကြိမ် ဖြန့်ကြက်ခြင်းဖြစ်သည်။ အကွာအဝေး ကီလိုမီတာ ၁,၀၀၀ အထိ ပစ်ခတ်ရောက်ရှိနိုင်သည့် ထိုဒုံးကျည်များသည် ထိုင်ဝမ်ကျွန်းအနီး ရေပြင်များအထိ ရောက်ရှိနိုင်ကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

20 Oct

ADVERTISE HERE .