“ပြင်သစ်တွင် ဆန္ဒပြမှုများအတွင်း လုံခြုံရေးပျက်ကွက်မှုကို မက်ခရွန် ဝန်ခံ”
20 Oct
ပြင်သစ်၌ လူနေမှုစရိတ်မြင့်တက်မှုအပေါ် ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်မှုများ နိုင်ငံတစ်ဝန်းပျံ့နှံ့ ဖြစ်ပွားပြီးနောက် လုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် ထောက်လှမ်းရေးအားနည်းချက်များရှိခဲ့ကြောင်း သမ္မတ အမ်မန်နျူယယ်မက်ခရွန် က အောက်တိုဘာလ ၁၉ ရက်တွင် ဝန်ခံထားသည်။ အလားတူ ပြည်ထဲရေးဝန်ကြီး လောရန့်နူနန့် ကလည်း ဆန္ဒပြမှုများအတွင်း မြို့အချို့၌ ရဲတပ်ဖွဲ့၏ထိန်းချုပ်မှု လျော့နည်းသွားကြောင်းဝန်ခံပြီး ဖြစ်ပွားခဲ့သည့် အခြေအနေအတွက် မိမိတွင်တာဝန်ရှိသည်ဟု ယူဆသဖြင့် နုတ်ထွက်စာတင်ကြောင်းပြောသည်။ သို့သော် မက်ခရွန် က လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့အစည်းများ၏ အမိန့်ပေးကွပ်ကဲမှုစနစ် ဆက်လက်တည်ငြိမ်နေရန်လိုအပ်သဖြင့် ပြည်ထဲရေးဝန်ကြီး၏ နုတ်ထွက်ခွင့်ကို ငြင်းဆိုထားသည်။ အောက်တိုဘာလ ၁၇ ရက်နှင့် ၁၈ ရက်တွင်ဖြစ်ပွားသော ဆူပူအကြမ်းဖက်မှုများအတွင်း လူ ၂,၄၀၀ နီးပါး အဖမ်းခံရပြီး ရဲတပ်ဖွဲ့ဝင် နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁,၀၀၀ နီးပါး ဒဏ်ရာရရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ထို့အတူ ဈေးဆိုင်များ လုယက်ခံရခြင်းနှင့် မီးရှို့မှုများလည်း ဖြစ်ပွားကြောင်း AGC သတင်းဌာနဖော်ပြ ချက်အရ သိရသည်။