“တိုက်စစ်မှူး မက်ဆီ ကစားသမားဘဝသွင်းဂိုး ၉၃၆ ဂိုးရှိလာ”

19 Oct

ပြီးခဲ့တဲ့စနေညက ကစားခဲ့တဲ့ အတ္တလန္တာယူနိုက်တက်အသင်းနဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ အင်တာမိုင်ယာမီ အသင်း တိုက်စစ်မှူး မက်ဆီ ရဲ့ ကစားသမားဘဝ သွင်းဂိုးက ၉၃၆ ဂိုး ရှိလာပြီ ဖြစ်ပါတယ်။ အခုရာသီ မက်ဆီ ရဲ့ မေဂျာလိဂ်သွင်းဂိုးကလည်း ၂၅ ဂိုးရှိလာပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နေပါတယ်။ အင်တာမိုင်ယာမီအသင်းနည်းပြ ဂွန်ဇာလက်ဇ်ကတော့ အသက် ၃၉ နှစ်အရွယ်မှာ စွမ်းဆောင်ပြ နေတဲ့ မက်ဆီ ရဲ့ စွမ်းဆောင်ရည်ကို အံ့သြနေပြီး ဘောလုံးကစားခြင်းမှာ ပျော်ရွှင်နေတဲ့ မက်ဆီကို မြင်တွေ့နေ ရတာက စိတ်ချမ်းသာစရာကောင်းတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ မက်ဆီ ဟာ အင်တာမိုင်ယာမီအသင်းရဲ့ နောက်ဆုံး ၁၃ ပွဲဆက် ဂိုးပါဝင်ပတ်သက်မှု ပြုလုပ်ထားပြီး ဒါဟာ သူ့ရဲ့ ကစားသမားဘဝ ဒုတိယမြောက်ပွဲအများဆုံး ဂိုးပါဝင်ပတ်သက်မှုလည်း ဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်း နည်းပြ ဂွန်ဇာလက်ဇ်ကတော့ မက်ဆီအနေနဲ့ ကစားသမားဘဝ သွင်းဂိုး ၁၀၀၀ ပြည့်အောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မက်ဆီ ရဲ့ စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားတဲ့ အင်တာ မိုင်ယာမီအသင်းဟာ အခုရာသီမေဂျာလိဂ် ပလေးအော့ဖ်အဆင့် ဝင်ပြိုင်ခွင့်ကိုလည်း ရရှိထားခဲ့ပြီဖြစ်ပါတယ်။ (NVS 008)

19 Oct

ADVERTISE HERE .