“အီတလီစီးရီးအေပွဲစဉ်(၇)မှာ ဂျီနိုအာအသင်းကို အနိုင်ရရှိခဲ့တဲ့ ရိုးမားအသင်း”

19 Oct

အီတလီစီးရီးအေပွဲစဉ်(၇)အဖြစ် ရိုးမားအသင်းနှင့် ဂျီနိုအာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရိုးမားအသင်းက ဂျီနိုအာ အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တိုက်စစ်မြှင့်ကစားခဲ့ပြီး ရရှိလာတဲ့ အခွင့်အရေးများကို နှစ်ဖက်အသင်းတိုက်စစ်ကစားသမားများက အသုံးချနိုင်ခြင်းမရှိတာကြောင့် ပထမပိုင်းပြီးဆုံးချိန်မှာ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ ရိုးမားအသင်းအတွက် ပွဲကစားချိန်မိနစ် ၅၀ မှာ ဆန်တီယာဂိုကက်စထရိုက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၆၈ မိနစ်မှာ အီမာနျူရယ်လူလီ က ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးများ ခွင့်ပြုပေးလိုက်ရပြီးနောက် ဂျီနိုအာအသင်း တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် ရိုးမားအသင်း ဂိုးသမားက လက်စွမ်းပြကာကွယ်နိုင်ခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် ရိုးမားအသင်းက ဂျီနိုအာအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိ ခဲ့ခြင်းဖြစ်ပါတယ်။ ရိုးမားအသင်းက အီတလီစီးရီးအေပွဲစဉ်(၈)အဖြစ် အောက်တိုဘာလ ၂၄ ရက်တွင် နာပိုလီအသင်းနှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ရပါတယ်။ (NVS 008)

19 Oct

ADVERTISE HERE .