“လာမည့်ဇန်နဝါရီလမှာ အာဆင်နယ်အသင်းမှ ထွက်ခွာမယ့် ဂျိုကာရက်စ်”
19 Oct
အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျိုကာရက်စ် က လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း လန်ဒန် မြို့ခံကလပ်မှ ထွက်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။ ဂျိုကာရက်စ် အနေဖြင့် ယခုရာသီအာဆင်နယ်အသင်းတွင် ပြိုင်ပွဲစုံ ၇ ပွဲအထိ ကစားခွင့်ရသော်လည်း ပွဲစဉ်အများစုက လူစားဝင်ကစားသမားအဖြစ်သာ ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အာဆင်နယ်အသင်းအတွက် ပွဲထွက်ခွင့်မရသေးဘဲ ပွဲချိန်ကစားခွင့်နည်းပါးနေခြင်းကြောင့် အသင်းပြောင်းရွှေ့ရန်စဉ်းစားနေခြင်းဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး ဂျိုကာရက်စ် ကို လာလီဂါကလပ် အက်သလက်တီကိုအသင်းအပါအဝင် စီးရီးအေနှင့် ဘွန်ဒစ်လီဂါအသင်းများက စိတ်ဝင်နေကြကြောင်းသိရပါတယ်။ အာဆင်နယ်အသင်းက အက်သလက်တီကိုတိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ကို ယခုအချိန်အထိ စိတ်ဝင်စားနေဆဲဖြစ်ပြီး ဂျိုကာရက်စ် ကို ကမ်းလှမ်းတဲ့ အသင်းရှိပါက ရောင်းထုတ်သွားဖွယ်ရှိနေပါတယ်။ (NVS 008)