“သမိုင်းတစ်လျှောက်အဖွင့် ၇ ပွဲဆက်အနိုင်ရတဲ့ ပထမဆုံးနည်းပြအဖြစ် မာရက်စ်ကာ မှတ်တမ်းဝင်”

19 Oct

မန်စီးတီးအသင်းနည်းပြ မာရက်စ်ကာ က ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဖွင့် ၇ ပွဲဆက်အနိုင်ရတဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရပါတယ်။ နည်းပြ ဂွါဒီယိုလာ ရဲ့ မန်စီးတီးနည်းပြနေရာ အစားဝင်လာတဲ့ မာရက်စ်ကာ က ပထမဆုံးရာသီမှာပင် ယင်းကဲ့သို့ စံချိန်မှတ်တမ်းကောင်းကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မာရက်စ်ကာ က ၂၀၂၂-၂၃ ရာသီအတွင်း မန်စီးတီးအသင်း၌ ဂွါဒီယိုလာ၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် လက်စတာ၊ ချဲလ်ဆီး အစရှိတဲ့အသင်းများကို ကိုင်တွယ်ခဲ့ပါတယ်။ အဲဒီနောက် မန်စီးတီးအသင်းကို နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး အချိန်တိုအတွင်း အသင်း ပရိသတ်များ၏ ထောက်ခံမှုကို ရယူနိုင်ခဲ့ပါတယ်။ မာရက်စ်ကာ က လက်ရှိအချိန်မှာ မည်သည့်အကြောင်းအရာ များကိုမှ စဉ်းစားနေမှာမဟုတ်ဘဲ မန်စီးတီးအသင်းနှင့်အတူ အောင်မြင်မှုများရယူရန်သာ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ (NVS 008)

19 Oct

ADVERTISE HERE .