“ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းက ဂျပန်နှင့် ဖိလစ်ပိုင်ကွင်းလယ်ကစားသမားများကို ခေါ်ယူ”

19 Oct

ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းက ဂျပန်နှင့် ဖိလစ်ပိုင်ကွင်းလယ်ကစားသမားများကို ခေါ်ယူအားဖြည့် လိုက်ကြောင်း သိရပါတယ်။ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းက အသက် ၂၄ နှစ်ရှိ ဂျပန်အမျိုးသမီးကစားသမား ကီရာရာအိုဂါဝါနှင့် အသက် ၂၉ နှစ်ရှိ ဖိလစ်ပိုင်အမျိုးသမီးကစားသမား ရန်ဇီရဲလောင် တို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက ခေါ်ယူအား ဖြည့်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂျပန်အမျိုးသမီးကစားသမား ကီရာရာအိုဂါဝါ က ကွင်းလယ်တိုက်စစ်နှင့် တောင်ပံတိုက်စစ်နေရာများမှာ ကစားနိုင်သူဖြစ်ပြီး ဘယ်ခြေရော၊ ညာခြေပါ အသုံးပြုနိုင်သူဖြစ်ပါတယ်။ ကီရာရာအိုဂါဝါ က ဂျာမနီအမျိုးသမီးကလပ် အသင်းလေးသင်းမှာ ကစားခဲ့ဖူးတဲ့ ဥရောပအတွေ့အကြုံရှိသူ ဖြစ်သလို ဖိလစ်ပိုင်ကလပ် စတေလီယွန်လာဂူနာအသင်းနှင့်လည်း အာရှအမျိုးသမီးချန်ပီယံလိဂ် ကစားခဲ့ဖူးတဲ့ အတွေ့အကြုံရှိသူဖြစ်ပါတယ်။ (NVS 008)

19 Oct

ADVERTISE HERE .