“ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကို သီတင်းကျွတ်ဈေးရောင်းပွဲတော် ကျင်းပမည်”
19 Oct
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုနဲ့ ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီ များကို ရောင်းချပေးမည့် သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ရှိ နေရာနှစ်ခုမှာ အောက်တိုဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းနှင့် ရန်ကင်းမြို့နယ်၊ ရန်ရှင်းလမ်းတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်းဆီစက်များမှ ထုတ်လုပ်သည့် စားသုံးဆီများကို ပြည်သူများ ဝယ်ယူနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါတယ်။ ဈေးရောင်းပွဲတော်မှာ ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကို ရောင်းချပေးသွားမည်ဖြစ်ပြီး သီတင်းကျွတ်ကာလအတွင်း စားသုံးသူများအနေနဲ့ ပြည်တွင်းဆီစက်များမှ ထုတ်လုပ်တဲ့ ဆီအမျိုးအစားများကို တစ်နေရာတည်းတွင် လာရောက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းထုတ် စားသုံးဆီများကို ရောင်းချမည့် သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို အောက်တိုဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ နေ့စဉ် သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)