“ရေးမီးရထားဘူတာရုံ ပြန်လည်ပြင်ဆင်နေ ရထားခရီးစဉ်များအမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးဆောင်ရွက်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ်မှာကြား”

19 Oct

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ ရေးမီးရထားဘူတာရုံကို ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းက အောက်တိုဘာလ ၁၇ ရက်မှာကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဘူတာရုံနှင့် ရထားလမ်းပိုင်းများ၊ ရထားလမ်းပိုင်းဆိုင်ရာ အဆောက်အအုံများ၊ ပလက်ဖောင်းများနှင့် ဘူတာရုံ ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ကြည့်ရှုစစ်ဆေး ပြီးနောက်ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူမြန်ဆန်စေရေး အတွက် ရထားခရီးစဉ်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးဆောင်ရွက်ရန် မှာကြားခဲ့ ပါတယ်။ (NVS 008)

19 Oct

ADVERTISE HERE .